Cybercriminal တွေက classic fake refund scam ကိုပိုယုံကြည်လို့ရအောင် ပြောင်းလဲပြီး fake email ဒါမှမဟုတ် website အတုပဲ သုံးမယ့်အစား Shopify Shop ရဲ့ legit notification pipeline ကို အသုံးချနေတယ်။ Huntress researcher တွေအရ victim တွေက Shop app အစစ်ထဲမှာ fake purchase နဲ့ invoice alert တွေကို တိုက်ရိုက်လက်ခံရပြီး တချို့က ပုံမှန် Push Notification လိုပဲပေါ်လာတယ်။
ဒီ campaign ရဲ့အန္တရာယ်က Shopify ကို အပြင်ကနေ အတုလုပ်တာမဟုတ်ဘဲ တကယ့် platform ပေါ်က ယုံကြည်မှုကို အသုံးချတာပါ။ Huntress က သူတို့ဝန်ထမ်းအချို့ဟာ May မှ August 2026 အတွင်း ဒီလို message တွေရခဲ့တယ်လို့ဆိုတယ်။ ရည်ရွယ်ချက်က မသိတဲ့ purchase တစ်ခုဖြစ်သွားတယ်လို့ victim ကိုယုံစေပြီး scammer ထိန်းချုပ်တဲ့ contact ဆီ ဆက်သွယ်စေဖို့ဖြစ်တယ်။
Attacker တွေက Shopify ရဲ့ notification infrastructure ကိုအသုံးချ
Huntress က scheme ဟာ fraudulent Shopify seller account ဒါမှမဟုတ် compromised account တွေသုံးပြီး bogus order ဖန်တီးနိုင်တယ်လို့ဆိုတယ်။ Order က Shopify ecosystem အတွင်းကနေဖန်တီးထားတာဖြစ်လို့ victim ဆီကို suspicious domain က phishing email မဟုတ်ဘဲ Shop app အစစ် notification ရောက်လာနိုင်တယ်။
Researcher တွေက ဒီနည်းကို ‘Living Off Trusted Sites’ ရဲ့ variation တစ်ခုလို့ဖော်ပြတယ်။ Shopify ရဲ့ notification mechanism ကိုယ်တိုင် fake order alert ပို့တဲ့ channel ဖြစ်လာပြီး user ရဲ့သံသယကို လျော့စေတယ်။
Fake order က victim ကို scammer ဆီဖုန်းခေါ်စေဖို့ဖန်တီးထား
Fake order ထဲမှာ attacker-controlled contact ကို Shipping Address ဒါမှမဟုတ် receipt information လို field တွေထဲ ထည့်နိုင်တယ်။ Victim က ကြီးမားတဲ့ purchase ဒါမှမဟုတ် မသိတဲ့ order ကိုမြင်ရင် ဖော်ပြထားတဲ့ ဖုန်းနံပါတ်နဲ့ email ကို refund ဒါမှမဟုတ် dispute လုပ်ဖို့ တရားဝင် contact လို့ထင်နိုင်တယ်။
Huntress က scammer တွေ Remote Access ပေးခိုင်းနိုင်တယ်၊ online banking credential တောင်းနိုင်တယ်၊ ဒါမှမဟုတ် overpayment အတုကို Gift Card သို့ Wire Transfer နဲ့ ‘ပြန်ပို့’ ခိုင်းနိုင်တယ်လို့ သတိပေးတယ်။ Original purchase က fake ဖြစ်ပေမယ့် victim ပို့တဲ့ငွေကတကယ့်ငွေပါ။
Transaction ကို သီးခြား channel ကနေစစ်ရမယ်
Huntress က unfamiliar order ထဲက phone number ကိုမခေါ်ဖို့၊ email မပို့ဖို့၊ link မဖွင့်ဖို့အကြံပြုတယ်။ အစား Bank, Card, PayPal ဒါမှမဟုတ် အခြား payment account ကို တိုက်ရိုက်စစ်ပြီး real charge ရှိမရှိကြည့်သင့်တယ်။
Shopify user တွေက option ရှိရင် suspicious order ကို ‘Not my order’ လို့ mark လုပ်နိုင်တယ်။ Shopify security guidance က phishing ကို official channel ကနေ report လုပ်ဖို့အကြံပြုတယ်။ Real platform ကလာတဲ့ notification ထဲမှာလည်း attacker-controlled content ရှိနိုင်တယ်။
Trusted platform abuse ကပိုကြီးတဲ့ cybersecurity ပြဿနာဖြစ်လာ
Shopify case က ပိုကျယ်ပြန့်တဲ့ trend ကိုပြတယ်။ Attacker တွေ user ယုံကြည်ပြီးသား service အတွင်းမှာ လှုပ်ရှားဖို့ကြိုးစားနေတယ်။ Cloud Platform, ad systems, Collaboration Tools နဲ့ Customer Support infrastructure တွေလည်း အလားတူအသုံးချနိုင်တယ်။
User နဲ့ business တွေအတွက် အကောင်းဆုံး habit က လုပ်ဆောင်ချက်မလုပ်ခင် underlying event ကို independent second channel နဲ့စစ်ဖို့ပါ။ Spending alert ဆို real payment account မှာစစ်ပြီး support contact ကို suspicious message ထဲကနေမယူဘဲ official source ကနေသီးခြားရှာသင့်တယ်။







